Saturday, September 20, 2014

နောင် ဘဝအဆက်ဆက် (လျှို့ဝှက်လွမ်း)

နောင် ဘဝအဆက်ဆက် (လျှို့ဝှက်လွမ်း)

လွမ်းလှပါသည် ။
လှမ်းလှတဲ့ဌာနီသို့....

ချစ်ရပါသည် ။
ငယ်ကပျော်မြူးရည်းစားဦးမို့....

နမ်းမဝပါသည်။
ပန်းအလှရဲ့သခင်မို့...

အိပ်မရပါပြီ ။
လွမ်းရစိတ်ကများလွန်းလို့....

နွမ်းလျပါသည် ။
ချစ်ဦးသူကစိမ်းရက်လို့.....

မမုန်းရက်ပါပြီ ။
သည်းဦးပန်းမို့သိပ်ချစ်လို့.....

တောင်းဆုပန်သည် ။ နောင်ဘဝဆက်ဆက်ပေါင်းဖက်ဖို့....

လျှို့ဝှက်လွမ်း