ရာဇဝင်ထဲကအချစ်
ချစ်သူကြားဖူးမှာပါ
အငြိုးကြီးသုဘဒ္ဒါရဲ့
ဆုတောင်းမှားမှုတွေကြောင့်
ပေးဆပ်ခဲ့ရတဲ့ဆဒ္ဒန်ရဲ့အဖြစ်က
အငြိုးအတေးတွေပြေစေဖို့နဲ့
ဝဋ်ကြွေးတွေပြေစေဖို့မဟုတ်လား
ကိုယ့်အဖြစ်ကလည်းသူတို့လိုမဟုတ်ပေမဲ့
သူတို့နဲ့မခြားနားပါလား
မချစ်နိုင်ကြတဲ့ဝဋ်ကြွေးတစ်ခုအတွက်
ပေးဆပ်တဲ့ချစ်သူတိုင်းဟာ
နှလုံးသားကိုအရင်းခံရုံသက်သက်
မဟုတ်ဘူးဆိုတာချစ်သူသိမှာပါ
မညီမျှတဲ့အချစ်တစ်ခုအတွက်
ဒီဘဝမှာဝေးသွားလို့အဆွေးသမား
ဖြစ်နေရုံနဲ့အတွေးမှားပြီး ကိုယ်မိုက်ရူးရဲမဆန်ပါဘူး
ကိုယ့်ရင်ထဲကအချစ်က အိုမင်းရင့်ရော်တဲ့အထိ မျှော်လင့်ရုံသက်သက်ပါပဲ
ကိုယ့်အသဲလဲယိုင်ဖို့ကြုံတိုင်း
ချစ်သူရဲ့ပျော်ရွှင်ခြင်းတွေကိုမြင်တိုင်း
ကိုယ်ကျေနပ်နေပါ့မယ်ချစ်သူရယ်။
(ဆောင်းဦးနွေ-ထုံးဘို)
ချစ်သူကြားဖူးမှာပါ
အငြိုးကြီးသုဘဒ္ဒါရဲ့
ဆုတောင်းမှားမှုတွေကြောင့်
ပေးဆပ်ခဲ့ရတဲ့ဆဒ္ဒန်ရဲ့အဖြစ်က
အငြိုးအတေးတွေပြေစေဖို့နဲ့
ဝဋ်ကြွေးတွေပြေစေဖို့မဟုတ်လား
ကိုယ့်အဖြစ်ကလည်းသူတို့လိုမဟုတ်ပေမဲ့
သူတို့နဲ့မခြားနားပါလား
မချစ်နိုင်ကြတဲ့ဝဋ်ကြွေးတစ်ခုအတွက်
ပေးဆပ်တဲ့ချစ်သူတိုင်းဟာ
နှလုံးသားကိုအရင်းခံရုံသက်သက်
မဟုတ်ဘူးဆိုတာချစ်သူသိမှာပါ
မညီမျှတဲ့အချစ်တစ်ခုအတွက်
ဒီဘဝမှာဝေးသွားလို့အဆွေးသမား
ဖြစ်နေရုံနဲ့အတွေးမှားပြီး ကိုယ်မိုက်ရူးရဲမဆန်ပါဘူး
ကိုယ့်ရင်ထဲကအချစ်က အိုမင်းရင့်ရော်တဲ့အထိ မျှော်လင့်ရုံသက်သက်ပါပဲ
ကိုယ့်အသဲလဲယိုင်ဖို့ကြုံတိုင်း
ချစ်သူရဲ့ပျော်ရွှင်ခြင်းတွေကိုမြင်တိုင်း
ကိုယ်ကျေနပ်နေပါ့မယ်ချစ်သူရယ်။
(ဆောင်းဦးနွေ-ထုံးဘို)