Saturday, September 27, 2014

အကြင်နာမိုးခေါင် ရပ်ဝန်း'''' အောင်မျိုးချစ်(ပလက်ဝ)

အကြင်နာမိုးခေါင် ရပ်ဝန်း

ရွာမယ်ဆိုလည်း ရွာလိုက်ပါတော့မိုးရယ်
အုံ့မှိုင်းနေလဲ အပိုပါပဲ
ဖားကလေးတွေက မျှော်နေရောပေါ့
မြစ်တွေလည်း စစ်ကူလိုချင်လှပြီ......။

မျှော်လင့်ချက်တွေ ပေးခဲ့တဲ့
နှုတ်ခမ်းထူထူနဲ့ကောင်မလေးရေ
မာယာတွေနဲ့ဆော့ကစားနေလဲ အပိုပါပဲ
နှလုံးသားနယ်ပယ်က လစ်ဟာရောပေါ့
အချစ်ပန်းတွေလဲ ပွင့်လန်းချင်လှပြီ

ရွာမလိုလိုနဲ့ ပြယ်ပျောက်သွားတဲ့မိုးတိမ်
မိုးမစဲပါဘူးဆိုတဲ့ ဇွန် ဇူလိုင်မှာတောင်
အခုတော့ ကန္တာရလို
ခြောက်သွေ့ခြင်းများ......။

လာမလိုလိုနဲ့ရှောင်ပြေးသွားတဲ့
မိန်းကလေး....
အချစ်လမ်းကို စ လျှောက်မိတဲ့
ဒီရင်ဘတ်ထဲမှာ
အခုတော့ အားအင်မရှိတော့သလို
ယိုင်နဲ့နဲ့ခြေလှမ်းများနဲ့......။

အောင်မျိုးချစ်(ပလက်ဝ)