Monday, September 22, 2014

မပြစ်မှားမီအောင် သတိဆောင် - နာ ယ က(ကျီးသဲ)ရွှေတောင်

မပြစ်မှားမီအောင် သတိဆောင်

သာသနာအရေး တကယ်အလေးပေး၍
စာပေသသ်ကာ ဘဝတာကို
လမ်းမှန်ရောက်အောင်
ပို့ဆောင်ပေးတာ ရဟန်းပါ...
ဆင်းရဲဝဋ်ကျွတ် လမ်းမှန်လွတ်ဖို့
ကိုယ့်ကဆင်းရဲ ခါးစည်းခံတာ
ရဟန်းပါ
ကိုယ့်ကိုမှီကာ စိတ်ချမ်းသာ
သတ္တဝါအများ ကောင်းစားစေတာ
ရဟန်းပါ
မိမိသိထား တရားများ
သိစေချင်တာ ရဟန်းပါ
အရာရာစွန့်လွတ် ရဟန်းဝတ်၍
လုံးစုံကောင်းအောင်
အရာဆောင်လည်း
မသိသူတွေ ပြစ်မှားလေး၏

နာ ယ က(ကျီးသဲ)ရွှေတောင်