Monday, September 29, 2014

မိုးအလွမ်း ပြည့်မိုး(မင်းလှ-ရေကျော်)

မိုးအလွမ်း

ညီမလေးရေ....
အနောက်တောင်ဘက်ဆီက
မှိုင်းမှုန်အိကျသွားတဲ့
တိမ်ခိုးတွေကိုကြည့်ရင်း
ကြင်သူကိုတမ်းတမိတယ်။
တစ်ချိန်ကမြေနီလမ်း
အတူယှဉ်တွဲစက်ဘီးစီးတုန်း
ကြင်သူပြောတဲ့အလွမ်းတွေက
ခုတော့တသသနဲ့ တစ်သက်မမေ့စရာပေါ့။
အနောက်တောင်မှာမိုးညိုရင်
ကြင်သူမျက်ရည်စိုနေပြီလား....
အရှေ့ရိုးမတောင်မှာဆီးနှင်းဖုံးနေရင်
ကြင်သူသက်ထားပြုံးမှာလား
နွေဥတုရဲ့အပူဒဏ်ကို
ဘယ်လိုအံတုနေမလဲ
တို့ရဲ့မွေးရာပါမေတ္တာနဲ့
အချစ်...အဆင်ပြေပါစေ...။

ပြည့်မိုး(မင်းလှ-ရေကျော်)