Wednesday, September 24, 2014

လွမ်းစံပယ် (ဆောင်းဦးနွေ-ထုံးဘို)

လွမ်းစံပယ်

မနွမ်းစေချင်ဘူးပန်းကလေးရယ်
လွမ်းနေသူအော်ကာဟစ်နေလည်း
အကျွမ်းမဝင်သူကတော့
အလွမ်းဝင်မှာကြောက်လို့တဲ့
ဝဿန်မိုးရဲ့ရာသီထဲ
ပန်သူမဲ့တဲ့စံပယ်ရယ်
မင်နဲ့ငါဟာဘဝတူတွေမို့
ငါကိုယ်ချင်းစာမိပါတယ်
အခါခါစီးကာထားတဲ့
အလွမ်းဆည်းဆာဆိုတာ
ငါတို့အတွက်ပဲလွမ်းစံပယ်ရယ်
ဒါပေမဲ့ မင်းက
ငါ့ထက်စာရင်ကံကောင်းသေးရဲ့
တစ်ယောက်မကောင်းပေမဲ့
တစ်ယောက်ခေါင်းထက်မှာလေ
ငါ့မှာတော့....။

(ဆောင်းဦးနွေ-ထုံးဘို)