Saturday, September 20, 2014

အပြစ်သား... ဆောင်းဦးနွေ-ထုံးဘို

အပြစ်သား...

အမြဲပြုံးပြတတ်တဲ့နင့်ရဲ့အနားမှာ
တခါတခါအသက်ရှူဖို့မေ့နေတတ်တာ ငါပေါ့...
တိုးညှင်းတဲ့နင့်ရဲ့ ရီသံတွေအောက်
ငါ့ရင်ခုန်သံတွေပိုပြီးတော့
မြန်ဆန်လာခဲ့တာနင်သိခဲ့မှာပါ
တောက်ပလင်းလက်တဲ့
နင့်ရဲ့မျက်လုံးကြည့်တွေအောက်
ငါအချစ်တစ်ခုကို ရှာဖွေမိတဲ့နောက်မှာ
ငါ့ရဲ့ဘာသာပြန်ဆိုမှုတွေ အားလုံးလွဲခဲ့ပြီဆိုတာသိခဲ့ရတယ်
နောက်ဆုံးတော့လည်း
မပြတ်သားတဲ့နင့်ရဲ့ စကားတွေကြောင့် ငါ့ရင်ခုန်သံတွေကိုပဲ အပြစ်ပေးလိုက်ပါပြီ။

(ဆောင်းဦးနွေ-ထုံးဘို)