ပန်း ခရေ..သို့...
ခရေ ဖြစ်မှတော့
ရဲရဲသာ ကြွေလိုက်ပါ..၊
ကြွေသက် ဆင်းလေမှ
ပျိုလေးရဲ့ ဆံကေသာ
ရနံ့ဖြာ သူ့မှာသင်းမှာမို့
ခရေ ရေ...
မကြွေလို ပင်ယံထက်
နေရက်မှာလား....။
ဆရာကောင်းရယ်ကြောင့်
တပည့်ခေါင်း ဆံကေထက်
မွှေးသက်တဲ့ ခရေ
သင်းပျံ့ကာ ဝေပါလို့
ပန်သူမှာ ဂုဏ်လွှာ -
တင့်ကြတယ်
ဆရာဆိုသော ပန်းခရေ...
တပည့်တွေအတွက်
မကြွေလို ပင်ယံထက်
နေရက်မှာလား....။
သူ့ရှင်-ကလေး
ခရေ ဖြစ်မှတော့
ရဲရဲသာ ကြွေလိုက်ပါ..၊
ကြွေသက် ဆင်းလေမှ
ပျိုလေးရဲ့ ဆံကေသာ
ရနံ့ဖြာ သူ့မှာသင်းမှာမို့
ခရေ ရေ...
မကြွေလို ပင်ယံထက်
နေရက်မှာလား....။
ဆရာကောင်းရယ်ကြောင့်
တပည့်ခေါင်း ဆံကေထက်
မွှေးသက်တဲ့ ခရေ
သင်းပျံ့ကာ ဝေပါလို့
ပန်သူမှာ ဂုဏ်လွှာ -
တင့်ကြတယ်
ဆရာဆိုသော ပန်းခရေ...
တပည့်တွေအတွက်
မကြွေလို ပင်ယံထက်
နေရက်မှာလား....။
သူ့ရှင်-ကလေး