Saturday, September 20, 2014

ပန်းတစ်ရာမဖူးလည်း ငါက ဥယျာဉ်မှုးပါ သဇင် (အယ်ပိုင်)

ပန်းတစ်ရာမဖူးလည်း
ငါက ဥယျာဉ်မှုးပါ သဇင်

နွမ်းလို့လည်းကြွေဖူး၏
လွမ်းလို့လည်းငိုဖူး၏
နွေ၏တစ်ည လကမသာ
ကြယ်ကမှိတ်တုတ် လဆုတ်ည၏ပုံပြင်
တွင်ကျယ်အောင်ငါမပြောလည်း
မဟူရာရောင်စဉ် သူပန်ဆင်ခဲ့...
ဪ...
ပန်းတစ်ရာ,မပျိုးလည်း...
တစ်ပွင့်ပန်းကိုရည်စူး..
ဖူးပွင့်မှဦးသူဆင်..
ရင်ခွင်မှာလောင်မြိုက်
အသဲခိုက်အောင်နာတယ်...
မိုက်မဲလိုက်တဲ့ ပန်းသဇင်ရယ်..
နွေရောက်လို့ ရေခြောက်ခဲ့ရင်..
ပန်းကြွေကောက်ဖို့...
ဒီပင်အိုအောက်မှာငါစောင့်နေမယ်..

သဇင်ရယ်...
အခုတော့...ကိုယ်...အလွမ်းနဲ့
စစ်ခင်းလိုက်ဦးမယ်..

အယ်ပိုင်...