Saturday, September 20, 2014

ဝူရှီကယ်​လိုအချစ်​မျိုး (ပန်​သာ)

ဝူရှီကယ်​လိုအချစ်​မျိုး (ပန်​သာ)

အသက်​ကြီးပေမဲ့
တသက်​မှာတစ်​ကြိမ်​သာ​ပေါက်ပွားလာတဲ့
အချစ်တွေကြောင့်
ငယ်ရွယ်လှတဲ့မိန်းမပျိုလေးအပေါ်
ချစ်စိတ်ဝင်မိပါတယ်...
ကြိုးစားကာ အားတင်းပြီးချစ်သမျှကို
ဖွင့်ဟလိုက်တဲ့အချိန်မှာ
မင်းကအပြုံးတစ်ပွင့်ခြွေလွှင့်ကာ
နှုက်ဆက်သွားခဲ့တယ်...
ဒါကြောင့်မင်းရဲ့ပုံကို
ရင်မှာပိုက်ကာ
မြစ်ဝနံဘေးရပ်မိတယ်...
မျော်လင့်ချက်ဝေး ဘဝလေးနဲ့
အသက်ဆက်ကာ
မနေချင်ပါဘူး
မင်းပုံကိုထွေးပိုက်ကာ သေပွဲသာ
ဝင်လိုက်တော့မည်
ဆိုတဲ့ဂျာပန်ပန်းချီ
ဆရာကြီးဝူရှီကယ်လို
ကိုယ့်ကိုလဲအပြုံးတစ်ပွင့်နဲ့
နှုတ်မဆက်ခဲ့ပါနဲ့
ချစ်သူ

ပန်သာ