Friday, September 19, 2014

အချစ်ခွန်အား မိုးမင်း - ရွှေကန်မြေ

အချစ်ခွန်အား

ညီမလေး မင်းဟာချိုမြိန်တဲ့
ပန်းသီးတစ်လုံးဆိုရင်
ငါဟာချွန်ထက်တဲ့
ဓားတစ်လက်မဖြစ်ပါရစေနဲ့
တကယ်တော့ငါဟာ
အချစ်ဆိုတဲ့ ပင်လယ်ကြောမှာ
ဦးတည်ရာမဲ့လွင့်မျောနေတဲ့
လှေငယ်လေးတစ်စင်းပါ
ကိုယ့်ရဲ့လှေလေးပေါ်ကို
မင်းသာခြေချလိုက်မယ်
ဆိုရင်တော့
ပေါ့ပါးစွာနဲ့ကမ်းခြေရောက်
အောင်လှော်ခတ်ပေးသွားမှာပါ
ညီမလေး

နှင်းနှင်းအတွက် ရင်ဖြစ်ခံစားသည်

မိုးမင်း
ရွှေကန်မြေ