Saturday, September 20, 2014

အတိတ်​ဆိုး - ဇွဲ​နောင်​​နောင်​(သက္ကလ)

အတိတ်​ဆိုး

အတိတ်​ဆိုးရဲ့ အရိပ်​မျိုးကို
အခြားလူသား မသိစေသားရယ်​နဲ့
ရင်​ဝယ်​သိမ်းထား အမှန်းတရား
ပြန်​ကြားချင်​မိ ရင်​တွင်းရှိစကား
ဪ​.....
ကံကြမ္မာရဲ့မျက်​လှည့်​ပြကွက်​က
ကြံရာမရ​အောင်​ ဆန်းသစ်လွန်းတယ်
အရမ်းချစ်​ရတဲ့ မိရင်းဖရင်း
ဇာတိရင်​နဲ့ခွဲခွာ မလွဲသာလို့ဆို​တာကို​တော့
နားလည်​​ပေးကြပါ
ချမ်းသားတဲ့အရိပ်​ကိုခို အစက​တော့
ဟုတ်​သလိုလို​ပေါ့...
အခု​တော့ ပကာသနရဲ့ ပြချကိုခံရမယ်​သူရင်​ထုမနာအသဲကစက်​စက်​ခါ​အောင်​နာမိတယ်
ပကာသနကိုမက်​လို့မဟုတ်
ကျေးဇူးရှင်​​မွေးစားမိခင်​ရဲ့
ဈာပနကိုမျက်​​စောင်းထိုးခွင့်​မရတာ
ဝမ်းနည်းမိတာအမှန်​ပါ...
ဘာပဲဖြစ်​ဖြစ်​ အချစ်​မပျက်
သံ​ယောဇဉ်တွေရစ်​ပတ်နေတဲ့
သူတို့ရှိရာဇာတိရွာကို
ပြန်​လာပါ့မယ်​​မေ​မေရယ်

ဇွဲ​နောင်​​နောင်​(သက္ကလ)