Saturday, September 20, 2014

လူ့ထံသို့(၄)... (အရှင်အာလောက-ရေဝိုင်း)

လူ့ထံသို့(၄)

ထာဝရဖြစ်လိမ့်မည်ဟု
ထင်မှတ်ထားတဲ့အရာတွေဟာ
မမျှော်လင့်တဲ့အကြောင်းအရာတွေကြောင့် ပျက်ဆီးဆုံးရှုံးရတတ်ပါတယ်
လူတစ်ယောက်ဟာ သူပိုင်ဆိုင်မှုရရှိမှုတစ်ခုခုကို
အမြဲရှိနေလိမ့်မည်ဟု ထင်မှတ်ထားမယ်ဆိုရင်
တကယ်တမ်းဆုံးရှုံးလိုက်ရတဲ့အခါ
ပိုပြီးတော့အထိနာတတ်ပါတယ်
အဓိကကတော့ ငါ့ထံတွင်ရှိသောပစ္စည်း ငါရရှိနေတဲ့အရာ ငါ့ရဲ့ပိုင်ဆိုင်မှု ဒါတွေအားလုံးကို တစ်ချိန်ချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် ငါစွန့်လွှတ်လိုက်ရမှာပါလားလို့
အဲဒီလိုစိတ်ကလေးနဲ့
နှလုံးသွင်းထားနိုင်ခဲ့မယ်ဆိုရင်
အဲဒီလူဟာအထိမနာမဲ့အပြင် အဘိဓမ္မာကိုပါသိလာနိုင်ပါတယ်။

(အရှင်အာလောက-ရေဝိုင်း)