Friday, September 19, 2014

ဘရိတ်ပေါက်သည့်ကား" (ပန်သာ)

ဘရိတ်ပေါက်သည့်ကား" (ပန်သာ)

မမျော်လင့်ဘဲ ဆုံတွေ့ခဲ့ရ
မင်းပုံရိပ်ကို ရင်မှာစွဲလန်းပြီး
ဖျောက်ဖျက်လို့မရခဲ့ပါ
မင်းဆီကခင်မင်မူရခဲ့ပေမဲ့
အခွင့်အရေးသမားလို့
ထင်ခံရမှာ၊ကြောက်နေမိလို့
အချစ်တွေမျိုသိပ်ခဲ့ရတယ်။
ချစ်သမျှကိုအားတင်းကာ
ဖွင့်ဟမဲ့အချိန်ရောက်မှ
ကိုယ်နောက်ကျသွားမှန်း
သိလိုက်ရတယ်။
မေ့လိုက်ပါတော့လို့
သူပြောပေမဲ့
ဘရိတ်ပေါက်သည့် ကားသဖွယ်..။

ပန်သာ