Tuesday, September 30, 2014

ဆန္ဒ. မိုးစက်(mdy)

.......*ဆန္ဒ*.......
ချစ်သူ အတွက်...နေရာ

ချစ်သူရဲ့ .....
ပါးကွက်လေးဖြစ်ချင်တယ်...
ချစ်သူပါးပြင်နဲ့ အနီးဆုံးမှာ
ငါ ရှိနေချင်လို့ ပါ...၊
ချစ်သူရဲ့ .......
ဖိနပ်လေးဖြစ်ချင်တယ်...
ချစ်သူ ခလုတ်မထိဆူးမငြိဖို့ 
ငါ ကာကွယ်ပေးချင်လို့ ပါ...၊
ချစ်သူရဲ့ .....
ရင်ထိုးလေးဖြစ်ချင်တယ်...
ချစ်သူရဲ့ ရင်ခွင်ကို
ငါ ခိုဝင်ချင်လို့ ပါ....၊
ချစ်သူ အခုသုံးနေတဲ့
ဟမ်းစက်လေးဖြစ်ချင်တယ်..
ချစ်သူ လက်အစုံမှာထိတွေ့ ခံစားရတဲ့
ဘ၀မျိုးမှာ သာယာချင်လို့ ပါ....၊
ဒါပေမယ့်.........
ဟမ်းစက်ရဲ့ ဆော်ဝဲလ်တိုင်းမှာ
ငါ ရှိမနေချင်ဘူး ....၊
ချစ်သူသုံးလို့ ပြီးတဲ့အခါ
(ရှက်)ခနဲpower offလုပ်လိုက်တိုင်းမှာ
ငါ နာကျင်နေရတာကြောင့်ပါ...၊
ချစ်သူ ရယ်....။ ။

မိုးစက်(mdy