Wednesday, September 24, 2014

(ပွဲတော်) (ရင်တွင်းဖြစ်)စိုင်းဟေမာန်

(ပွဲတော်)

အင်းရေပြာ ကန်ပြင်အလှရယ်နဲ့ ဝင့်ထည်စွာဖူးပွင်နေတဲ့ ရွှေကြာပင် ကောင်းကင်ယံ အထက်မှာလ မောင်နှံငှက်ဇင်ယော် မြူးထူးလို့ပျော်ပါး ရေပြင်မှာစိတ်တူ ညီအစ်ကိုမောင်များ တမူထူးစွာ ခြေဖြင့်လှေလှော် နွဲ့ကာပျော်တဲ့ အင်းလေးဆီက ရွှေပွဲတော်-

(1)
ကြည့်စမ်းကြည့်စမ်း ဖောင်တော်ဆွဲလှေ တစီတတန်းနှင့် ကြည်ညိုတဲ့သဒ္ဓါတရားကို ဖြန့်ကျဲကာ အားကျိုးမာန်တက် လုံးလဖက်လို့ ရွှေအင်းသားတွေ ဘုရားပင့်နေကြတယ်

(2)
ကြည့်စမ်းကြည့်စမ်း သဘောဖြူတဲ့ ရွှေအင်းသူတွေ ရေပြင်အလယ်မှာ လှေကလေးကို အသာလှော်လို့ ဗုဒ္ဓရုပ်ပွားတော်အား ဆွမ်းတော်ကပ်ရန် သွားနေကြတယ်

(3)
ကြည့်စမ်းကြည့်စမ်း တောင်ပြာတန်နှင့် ရွှေကြာပန်းအလှတွေ ယိုင်းယိုင်းကလျက် ဗုဒ္ဓရုပ်ပွားတော်အား ဦးညွတ်နေသည့်အလား

(4)
ကြည့်စမ်းကြည့်စမ်း မောင်နှံငှက် ရွှေဇင်ယော်တွေ ခေါက်တုန့်ခေါက်ပြန်နှင့် အင်းလေးရောက်လာ ဆွေသဟာကို ခရီးဦးကြို ပို့နေကြတယ်
အင်းလေးဘုရား ဟာ ထူးခြားသလောက် အံသြစရာ ကောင်းသလို ကြည်နူးမဆုံးနိုင်တဲ့ ပွဲတော်တစ်ခုရယ်မို့ လာစေချင်သည် မောရှမ်းမြေက
ရွှေအင်းလေးဆီ-


(ရင်တွင်းဖြစ်)စိုင်းဟေမာန်