Saturday, September 20, 2014

ညှာတာပါလောကဓံ (ရင်တွင်းဖြစ်)စိုင်းဟေမာန်

(ညှာတာပါလောကဓံ)

ချစ်တတ်သော ငါ့နှလုံးသားသည်
ချစ်ရသူနှင့်ဝေးသောအခါ
နာကျင်မူ့ဖြင့် အဆုံးသတ်နေခဲ့ရ

ဒဏ်ရာများဖြင့် ဖြတ်သန်းရသော
ငါ့ ဘဝသည် သောကများလွှမ်းမိုး၍
အလွမ်းများ မဆုံးနိုင်ခဲ့

ကံကြမ္မာ ရေ ငါ သည်
အချစ်ဝဋ်ကြွေး မကြေခဲ့လို့
ချစ်ရသူနှင့် ဝေးရသလား?
သင့်ကံကြမ္မာက
ငါ့ကိုကျီဇယ် တာများလားကွယ်
သံသယအတွေးနဲ့ ငါသည်
အချစ်ရဲ့နယ်ဝေးမှာ ရှင်သန်နေခဲ့ရပေါ့

ဘဝဆိုတာ
လောကဓံကြိုးဝိုင်းထဲက
သားကောင်ပါလား
ကိုယ်ချစ်တဲ့သူနှင့်တောင်
အတူနေခွင့် မရှိဘူး
သြော်-လောကဓံရေ
ငါ့ ကိုယ်ခွင့်ပြုပါ...ခွင့်လွတ်ပါ...
ချစ်တဲ့သူရဲ့ ရင်ခွင်မှာ
နွေးထွေးစွာခိုလုံပါရစေ
နှစ်ပေါင်းများစွာရဲ့
ကန္တာရအောက်မှာ
ခြောက်သွေ့နေတဲ့
ငါ့ နှလုံးသားကို
ရှင်သန်ခွင့်လေးပေးပါတော့
လောကဓံရေ အချစ်ရဲ့ဒဏ်ကို
ငါ့နှလုံးသား
ခံနိုင်ရည်စွမ်းမရှိတော့လို့--


(ရင်တွင်းဖြစ်)စိုင်းဟေမာန်