Saturday, September 27, 2014

အဝေးတစ်နေရာ... ✏ persi(အရာတော်) ဟန်ယူရီမွန်သို

အဝေးတစ်နေရာ

နှုတ်ဆက်တဲ့စကားလေးတောင် မပြောခဲ့...
ဒါဟာ....အခြေနေကြောင့်လား
မိန်းကလေးဘယ်သောခါကမှ
မင်းအပေါ်သစ္စာ မမဲ့ခဲ့ပါဘူး
မင်းရဲ့မယုံကြည်နိုင်တဲ့မျက်ဝန်းတွေနဲ့
ငါ့ကိုပြန်လာချိန်မှာ....
ဆီးကြိုနေမှာလား ချစ်သူ
ဘဝအတွက် ရုန်းကန်နေရတဲ့ ငါ့မှာ...
သတိရစိတ်တွေနဲ့
ခွန်အားတွေမဲ့နေတဲ့ကောင်ပါ...
မင်းဆီကအပြုံးတစ်ခုကို ရဖို့အတွက်
ငါဆိုတဲ့ကောင်က စစ်မြေပြင်သွားရလဲ
ကျေနပ်ပါတယ် မိန်းကလေး
အဝေးရောက် ချစ်သူတစ်ယောက်အတွက်
မျှော်လင့်ချက်ရောင်ခြည်လေး
တောက်ပနေခဲ့ရင် ကျေနပ်နေမဲ့သူပါ
မိန်းကလေးရယ်

persi(အရာတော်)
ဟန်ယူရီမွန်သို့