Saturday, September 27, 2014

ဆုံစည်းခွင့်လေး (လျှို့ဝှက်လွမ်း)

ဆုံစည်းခွင့်လေး (လျှို့ဝှက်လွမ်း)

အကြင်နာတစ်ပိုင်းတစ်စနဲ့
ကိုယ်တို့သမိုင်းတွေ မရပ်တန့်ချင်ဘူး
အသိုင်းအဝိုင်းဆိုတဲ့
တံတိုင်းနံရံတွေကို
ပုံစံမျိုးစုံနဲ့
စုံကန်ချိုးပစ်ချင်တယ် ချစ်သူ
မသေချာတဲ့တစ်နေ့နေ့မှာ
အသေအချာဆုံစည်းခွင့်ကို
မျှားနတ်မောင်က
မျှားအချက်တစ်ထောင်မကနဲ့
ကူညီမှ ကိုယ်တို့တွေရဲ့ဘဝက
နီးခွင့်ရမှာလား...ချစ်သူရယ်
ကြိုးစားခြင်းရဲ့ရလာဒ်ကြောင့်
ကိုယ်တို့တွေရဲ့နီးစပ်ခွင့်လေး
လက်တစ်ကမ်းမှာရှိပါသေးတယ်နော်

လျှို့ဝှက်လွမ်း(မင်းလှ-ရေကျော်)