Saturday, September 20, 2014

တိုက်တန်းနစ် ( ပင်လယ်ပြာ.အုတ်ဖို.စ ပ သ ယ)

တိုက်တန်းနစ်

ငါမင်းကိုစောင့်နေတယ်ဆိုတာ
ချစ်သူသတိမှရပါလေစ........
မင်းမရှိတဲ့ ငါ့ရင်ခွင်ပင်လယ်ပြင်မှာ
တိုက်တန်းနစ်သင်္ဘောကြီးရှိပေမယ့်
မင်းမပါပဲလက်ဆန့်တန်းပြီး
သင်းပျံ့တဲ့လေတွေလည်းငါမရှူခဲ့ဘူး
ချစ်သူရယ်......
အချိန်တန်လို့ပြန်လာခဲ့ရင်
ငါ့ဆီအကြောင်းကြားပါနော်
ချစ်သူရဲ့လက်ကိုကိုင်ပြီး
တိုက်တန်းနစ်သင်္ဘောကြီးရဲ့
ဦးခေါင်းထိပ်မှာရပ်ပြီး........
မင်းကိုအရမ်းချစ်တဲ့အကြောင်းကို
ပင်လယ်ပြင်ကိုအော်ပြောလိုက်ချင်တယ်

ပင်လယ်ပြာ.အုတ်ဖို.စ ပ သ ယ