Monday, September 22, 2014

(စိတ်ဓာတ်ကျတယ်) သက်ပိုင်

(စိတ်ဓာတ်ကျတယ်)

သတိမရချင်တော့ပါဘူး
မေ့ဖျောက်ဖို့ အကြိမ်ကြိမ်
တရားထိုင်လဲ အာရုံတွေထဲ
နင်က...
ကခုန်နေတယ်။
နင်ရဲ့အလှ နင်ရဲ့အပြုံး
ငါ့ရင် တစ်ခုလုံးကို
ဝုန်းဒိုင်းကြဲစေတယ်။
နောင်ဘဝဆိုတာ
ငါယုံကြည်တယ် ချစ်သူ။
ဆုံဆည်းခွင့်ကိုတော့
ငါ့မယုံဘူး။
ငယ်ငယ်ကတည်းက
အခုချိန်ထိ ကံမကောင်းခဲ့ပါဘူး။
ဒါပေမယ့်....
မျှော်လင့်မိတဲ့နေ့ကစပြီး
ကံကောင်းတဲ့ လူတစ်ယောက်
ဖြစ်ချင်လာခဲ့တယ် ။
တစ်ခါတစ်လေ...
စိတ်ဓာတ်အရမ်းကျတယ်
နင်က ငါရဲ့နင်
မဖြစ်တော့ဘူးလို့
တွေးမိတိုင်း....

သက်ပိုင်