ကိုင်းခြောက်
လေးနဲ့မြှားဟာချောင်းမြှောင်းပစ်ခတ်ဖို့
တီထွင်ခဲ့တာပဲ လူတွေရဲ့မျက်လုံးများက လေးလိုမြှားလို။
ကျွန်တော်ဆိုနေကျသီချင်းက
အချစ်ရေး အဆင်မပြေခဲ့ဘူး
ထွေးထုတ်ခဲ့သောတံထွေးများ
အဆင်ပြေနေ ဒိုင်ယာရီထဲ
ကြေမွခဲ့အိပ်မက်များနဲ့
နှလုံးသားရဲ့အကြည်ဓါတ်တစ်ခု
ဟင်္သာမလေးမရှိတော့တဲ့အခါ
တံခါးရွက်ကပတ္တာတွေဖြုတ်ပစ်မယ်။
မေမေ… ပြောင်းဖူးစေ့လက်တစ်ဆုပ်
ပက်ကျဲချလိုက်တာနဲ့
ခိုတွေအုပ်ဖွဲ့ပြိုကျလာတာ
ကျွန်တော်ဝမ်းနည်းတယ်
ဘဝဆိုတာ အဲဒီလိုကြီးလို့
ထင်မှတ်မထားခဲ့တာ။ ။
ရိုးသက်
