Monday, September 1, 2014

လိမ္မာစေချင်....

အမေပေးထား ပိုက်ဆံများကို
ခါးမှာညှပ်ပြီး အလှပြင်ကာ
လဖက်ရည်သောက် ဈေးကိုလျောက်၍
ချန်ပီယံပရီးမီးယား ပွဲမခြားပဲ
ကြည့်၍နေတာ မွေးမေမေမှာ
သိပါလေစွ....
မိဘတို့မှာ စိုးရိမ်စွာဖြင့်
ငါ့သားလေးများ လူပုံအလယ်မှာ
မျက်နှာမငယ်အောင် ရှိသမျပိုက်ဆံ
လူကြုံတဖုံ ကိုယ်တိုင်တမျိုး
ပို့ပို့နေတာ မင်းတို့ငါတို့
သိကြရောပေါ့