Monday, September 15, 2014

ဖြေဆည်ရာလေးပေးခဲ့ပါ (နွေဦးကို)

ဖြေဆည်ရာလေးပေးခဲ့ပါ(နွေဦးကို)

ဝေဒနာကိုဖြေသိမ့်ဖို့
မလုံလောက်တဲ့
တိတ်ဆိတ်တဲ့ဟော့ဒီညမှာ
ကြယ်တွေကိုအဖေါ်ပြုလို့
တိုးဝှေ့လာတဲ့လေပြေလေးတွေနဲ့
စကားဆိုမိတယ်
ကံမကုန်ရင်ပြန်ဆုံမှာပေါ့ဆိုတဲ့
စကားတစ်ခွန်းကို
မယုံ့တယုံလက်ခံရင်း
ကြယ်တွေကြွေတာမြင်ရရင်
ကံကောင်းတယ်ဆိုလို့
ကြယ်ကြွေမလားလို့
ထိုင်ကြည့်နေမိသေးတယ်
ဒီညက ကြယ်မကြွေတဲ့ည ဖြစ်နေတယ်လေ
တိုက်ဆိုင်လို့မဟုတ်ပဲ
ခဏခဏမင်းအကြောင်းတွေး
မင်းအကြောင်းငေးရင်း
အိပ်ပျက်တဲ့ညတွေထပ်နေတယ်
ကောင်မလေးရေ
သိုသိပ်ထားတဲ့ဒီအလွမ်းတွေအတွက်
ဖြေဆည်ရာလေးတစ်ခုလောက်တော့
ပေးခဲ့သင့်ပါတယ်။

နွေဦးကို