Saturday, September 13, 2014

ငါမြင်မိတဲ့ငါချစ်ခြင်း (လျှို့ဝှက်လွမ်း)

ငါမြင်မိတဲ့ငါချစ်ခြင်း (လျှို့ဝှက်လွမ်း)

မျက်ရည်တွေလည်ရွှဲအောင်
ငိုပွဲတွေနွှဲခဲ့ပေမယ့်
အချစ်ကိုပစ်ပယ်သူက အသဲနာအောင်
ရက်စက်မုန်း အပြုံးတွေတောင်မပျက်ခဲ့ဘူး
နင်ပြောဘူးသလိုပေါ့
တစ်ခါတစ်လေမှာ
ငါနေတတ်ပါတယ် ချစ်သူ
ငါ့အချစ်က ပေးဆပ်ခြင်းလည်းဟုတ်တယ်
ရယူခြင်းလည်းမှန်တယ်
ငါဆိုတဲ့ကောင်က
အချစ်ကို အချစ်လို့ပဲ
မြင်တတ်အောင် မြင်ခဲ့တယ်....


လျှို့ဝှက်လွမ်း