Friday, September 12, 2014

ရူးမတတ်

ရူးမတတ်

ပန်းလေးတွေ ကြွေတာတောင်
မျက်ရည်ဝဲချင်တယ်
လှိုင်းကလေးတွေ ခွာတာတောင်
ဝမ်းနည်းမိတတ်တယ်
နှင်းကလေးတွေ ပျော်ကျတာတောင်
ရင်တွေဖိုလို့ငိုမိတယ်
ဒီလောက်ခံစားလွယ်တဲ့
နှလုံးသားနဲ့ကိုယ့်ကို
အချစ်ကများ ချန်ထားရစ်ခဲ့ရင်
ရူးများသွားမလား
စဉ်းတောင် မစဉ်းစားရဲတော့ဘူးကွယ်
သနားလှည့်ပါ ကိုရယ်

*soe yatanar*