Wednesday, September 10, 2014

ခင်မင်မှုထဲမှာ (လျှို့ဝှက်လွမ်း)

ခင်မင်မှုထဲမှာ (လျှို့ဝှက်လွမ်း)

နိဒါန်းတွေ မလှပခဲ့သလို
နိဂုံးတွေလည်း ပျောက်ဆုံးသွားအောင်
ငါချစ်ခဲ့မိတယ်ဟာ မေ့မရခဲ့ပေမယ့်
မုန်းဖို့ကခက်ခဲတယ်
လမ်းကြုံလို့ ချစ်ခဲ့တာမဟုတ်ပါဘူး
ရှေးရေစက်အထုံကြောင့်
ငါ့ဘဝကို ပုံပြီးချစ်ခဲ့တာပါ
အခုတော့လေ.....
မတင်မကျနဲ့ ခင်မင်ရတဲ့ဘဝမှာပဲ
ငါပျော်ရွှင်ဆဲပါ.....

လျှို့ဝှက်လွမ်း