Wednesday, September 3, 2014

မြေစာငါ (လျှို့ဝှက်လွမ်း)

မြေစာငါ (လျှို့ဝှက်လွမ်း)

ဆုတ်ချက်ပြင်းပြင်း
အလွမ်းပန်းချီကားအောက်က
အရောင်ဝိုးတဝါးငါ့မျက်လုံးမှ
မြစ်နှစ်စင်း ပြိုင်းတူဆင်းပေါ့
တိမ်းတွေမည်းတယ်
မိုးတွေသည်းတယ်
မုန်တိုင်းတွေပါထန်တယ်
ဒါတောင်
စုတ်ပျက်မသွားစေရဘူး
ငါကမြေစာပင်လိုပဲ
လေယူရာတော့ ယိမ်းတယ်
ဒါပေမယ့်
တစ်နေရာပဲ ပေါက်တယ်
အမြစ်ပြုတ်ရင်
ငါ့ဘဝလည်း သေတယ်.....

လျှို့ဝှက်လွမ်း