Wednesday, September 3, 2014

ကြယ် မျှား သူများ - မိုးအိမ်လူ

ကြယ် မျှား သူများ - မိုးအိမ်လူ

တိမ်တွေပြိုတဲ့နေ့
ငါတို့ရဲ့ ကိုယ်ပိုင်ကောင်းကင်မှာ
စီးဆင်းမယ့် ကြယ်စင်တွေနဲ့အတူ
လမင်းကို ခွဲတမ်းချ
မတည်မြဲဘူးဆိုတာ သိရက်နဲ့
ဆုပ်ကိုင်ထားချင်မှတော့
ဒုက္ခဆိုတာ....
ပျားရည်ထက် ပိုချိုပါတယ်။

မိုးအိမ်လူ