Saturday, September 6, 2014

နင်ပျော်မယ်ဆိုရင်..... (နွေလွင့်ကြယ် ''မှော်ဝန်း)

နင်ပျော်မယ်ဆိုရင်...

အရမ်းချစ်တဲ့သူရဲ့နှစ်လုံးသားကို
ပန်းအဖြစ်နဲ့ခြွေချပြီး
မြေခသွားမှနင်းချေချင်တာလား...
လှမ်းနင်းသွားပါချစ်သူ
လွမ်းခြင်းများဟာငါ့အတွက်
မင်းပေးတဲ့အမှတ်တရဆိုရင်လည်း
ငြင်းမပြေးပဲခံယူပါ့မယ်
အလံထူခွင့်မရပဲကျဆုံးပြီး
ငါ့နှလုံးဟက်တတ်ကွဲသွားပါစေ....
အသက်ထက်ချစ်ခဲ့သူမို့
တစ်ဖက်သက်သံယောဇဉ်တွေနဲ့
ပေးဆပ်ခြင်းတွေနဲ့အတူ
ထွေးဖက်ချင်သော်လည်း
ဝေးသထက်ဝေးရမဲ့အခြေမို့
ခံစားရသမျှကိုသိမ်း
မျက်ရည်ကိုထိမ်းလို့
ခပ်စိမ်းစိမ်းလေးနေပေးပါ့မယ်...

နွေလွင့်ကြယ် ''မှော်ဝန်း