Monday, September 15, 2014

တံခါးပိတ် - တင်မိုး

( တံခါးပိတ်)

ချစ်သူ့ထံ ငှက်ပမာ
ပျံလာချင်တယ်လေ့။
ငှက်ခတ်သူ မုဆိုးညစ်
လေးပစ်တဲ့ နေ့ ။ ။

ချစ်သူ့ထံ ပန်းပမာ
ဆင်လာချင်တယ်လေ့။ ။
ပိတုန်းညို ဥာဏ်သမား
ပန်းစားတဲ့ နေ့ ။ ။

ချစ်သူ့ထံ ရော်ရွက်ပမာ
ဝဲလာချင်တယ်လေ့ ။
လေးရူးမောင် လူသွမ်းပျက်
သစ်ရွက်ခူးတဲ့ နေ့ ။

ချစ်သူ့ထံ လမင်းပမာ
သာချင်တယ်လေ့။
ကမ္ဘာမြေ ကိုလူဆိုး
ယုန်ခိုးတဲ့ နေ့ ။

သို့ပါလဲ ချစ်သူဆီ
လာနိုင်ပြီဆိုပါတော့ ....
ချစ်သူ့ဘုံ တံခါးပိတ်လို့
မီးမှိတ်ပါပေါ့ ။

တင်မိုး