Monday, September 1, 2014

အဖြူရောင် သူငယ်ချင်း လျှို့ဝှက်လွမ်း

အဖြူရောင် သူငယ်ချင်း
လျှို့ဝှက်လွမ်း

သူငယ်ချင်းစည်းနောက်က
ချစ်ခြင်းကိုငါမြည်းမိတယ်
သူ့ရသက ချိုမြိန်တယ်
အရောင်က ညစ်မယ်ထင်တယ်
တစ်ချို့ကတော့
မြိန်ရေယှက်ရေပဲ
ဒါဆိုကိုယ်တို့ကရော
မျဉ်းကြားကဖျက်ရမှာလား
မီးနီကိုကူးရမှာလား
အဖြေကမြွေဆွယ်လိုပေါ့
မိုက်မဲချင်ပေမယ့်
အသိုက်ထဲမှာနေမိတုန်းပဲ
ရစ်တယ် တွယ်တယ်
အဲဒီရဲ့နောက်မှ
ချစ်နေမိတယ် သူငယ်ချင်း
အရောင်တွေဖြူသွားမှာပါ
တစ်နေ့နေ့ပေါ့

လျှို့ဝှက်လွမ်း