Thursday, September 18, 2014

ဒဏ် ရာ ✏ သစ္စာလူ

ဒဏ် ရာ
♥ ♥ ♥ ♥
ကြာခဲ့ပါပြီလေ...
ပြာလဲ့လဲ့ကောင်းကင်အောက်
မှိန်တုပ်တုပ်ကြယ်ရောင်နဲ့
လမင်းကြီးလည်းရှိတယ်
တစ်ချက်တစ်ချက်
ဝေ့ခတ်သွားတဲ့လေညှင်းနဲ့အတူ
စံပယ် ရနံ့ကသင်းလို့....
ရင်ခွင်ထဲ အိကျလာတဲ့ချစ်သူမျက်နှာ
အလိုက်သင့်ပွေ့ဖက်ရင်း
ချစ်စကားတွေဆို
ဘယ်တော့မှမခွဲကြေး
ရင် ခုန်သံစည်းချက်နဲ့
အသက် ရှုသံကြား
တိုးညှင်းစွာထွက်ပေါ်လာတဲ့ စကားသံ

အတိတ်မှာပဲထားခဲ့ချင် ပါတယ်
ဒါပေမဲ့
စံပယ်တွေပွင့်တဲ့ညဆို
အသဲကနာတယ်

ပြန်မလာမဲ့မင်းကို
ဒဏ်ရာတစ်ဖက်ကဗျာစပ်လို့
သစ္စာမပျက်ချစ်နေတုန်း...

သစ္စာလူ