Friday, September 12, 2014

အဆုံးသတ် - ဆောင်းဦးနွေ-ထုံးဘို

အဆုံးသတ်

သံစဉ်မဲ့တဲ့ ငါ့ရင်ခွင်အိုထဲ
ချစ်သူရဲ့မာယာ တေးသီချင်းတွေ
မဖော်ကျူးချင်ပါနဲ့တော့
ဆိုင်သူမသိတဲ့ ရင်ထဲက
ဒဏ်ရာတွေအတွက်
ငါ့မျက်ရည်တွေ
မစီးဆင်းပါရစေနဲ့တော့
လွမ်းသူမဲ့တဲ့ ငါ့နှလုံးအိမ်ထဲက
ပျောက်လုဆဲဆဲ ဒဏ်ရာအနာတရတွေကို
ချစ်သူ,..မင်း ထပ်မနှိပ်စက်ပါနဲ့တော့။

(ဆောင်းဦးနွေ-ထုံးဘို)