Friday, September 5, 2014

သိပ်သတိရတယ် - မောင်သီ(မြိုင်)

သိပ်သတိရတယ်အနိရယ်
အချိန်တိုင်းသတိရတယ်လို့
မုသားမသုံးချင်ပေမယ့်
နေ့တိုင်းသတိရနေသူပါ
တပ်မက်ခြင်းကင်းတဲ့
တမ်တမှုတွေနဲ့လည်း
တောင်းတမိပါရဲ့

နင့်ကိုသတိရတိုင်း
လွမ်းတယ်လို့ပြောရမလား
ငါ့ရင်ထဲမှာ အမညိမသိတဲ့
ခံစားမှုတွေနဲ့
ဒို့ ဟာချစ်သူတွေမဟုတ်တော့
လွမ်းတယ်ဆိုတဲ့စကားကို
မပြောသင့်ဘူးပေါ့နော်

ဒါပေမယ့်
မချင့်မရဲလေးငါတွေးမိတယ်
တရားဝင်လွမ်းခွင့်လေးသာ
ပိုင်ဆိုင်ခွင့်ရရင်လို့ 

မောင်သီ(မြိုင်)
အနိတွက် အမှတ်တရ