Tuesday, September 2, 2014

ည - ​နောင်​ရိုး{​ကြောင်​စား}



အ​မှောင်​ည​တွေကို
အလွမ်း​တွေကထပ်​​လောင်းအုပ်​မိုးထားချိန်
ငါ့ကမ္ဘာငယ်​ဟာ.......
ငရဲခန်းတစ်​ခုလို​တောက်​​လောင်
လောင်​မြိုက်​​နေ​ရော့သလား..။

ဝေဒနာ​တွေထုပ်​ပိုးလာခဲ့တာ
သက္ကရာဇ်​​ပေါင်းများစွာပုပ်​သိုးခဲ့​ပေမယ့်​....
နတ်​မိမယ်​တစ်​ပါးရဲ့​ခြေရာ
ဟောဒီ့ရင်​ဘတ်​ထဲမှာ
ဒဏ်​ရာ​တွေအဖြစ်​ထင်​ကျန်​​နေဆဲပါ...။

ဒီလိုအထီး​ကျန် ဝေဒနာညများစွာ
ဝေဒနာ​တွေအဖြစ်​ ငါ့ကိုတစ်​ဆစ်​ကိုက်​ခဲ
အဲဒီညများဟာ...
အတိတ်​ကအရိပ်​တို့နဲ့
ငါ့မနက်​ဖြန်​​တွေကိုပိတ်​ဆို့
အနာဂတ်​​တွေကို.......
မှောင်​မိုက်​​စေခဲ့တယ်​​လေ...။

နောင်​ရိုး{​ကြောင်​စား}