သစ္စာရှိတဲ့
မျှော်လင့်ရင်းဝေး လွမ်းခဲ့ရပေါ့
အလွမ်းရက်ရှည် လွမ်းရက်တွေဟာ
အဖော်မဲ့ညလေ။
ကောင်းကင်ကငို တိမ်ပြိုသော်လည်း
ဘယ်ခါမမုန်း ချစ်သောကတိ...
သစ္စာရှိတဲ့။
မျှော်လင့်ရင်းဝေး ဆွေးခဲ့ရပေါ့
အဆွေးသောက ရင်တွင်းလှိုက်ဆူ
သောကအပူလေ။
ဝေးသောတံတိုင်း ကာဆီးထားလည်း
သောကအပူ မျှဝေယူမည်
ချစ်သောကတိ...သစ္စာရှိတဲ့။
သြော်...သစ္စာရှိတဲ့ သူဆိုခဲ့လည်း
မာယာစက်ကွင်း သက်ဆင်းပျော်ဝင်
ငါ့ဖြစ်အင်က...
မျှော်လင့်ရင်းဝေး လွမ်းခဲ့ရပေါ့။
မျှော်လင့်ရင်းဝေး ဆွေးခဲ့ရပေါ့။
ဆောင်းဦးနွေ- ထုံးဘို
မျှော်လင့်ရင်းဝေး လွမ်းခဲ့ရပေါ့
အလွမ်းရက်ရှည် လွမ်းရက်တွေဟာ
အဖော်မဲ့ညလေ။
ကောင်းကင်ကငို တိမ်ပြိုသော်လည်း
ဘယ်ခါမမုန်း ချစ်သောကတိ...
သစ္စာရှိတဲ့။
မျှော်လင့်ရင်းဝေး ဆွေးခဲ့ရပေါ့
အဆွေးသောက ရင်တွင်းလှိုက်ဆူ
သောကအပူလေ။
ဝေးသောတံတိုင်း ကာဆီးထားလည်း
သောကအပူ မျှဝေယူမည်
ချစ်သောကတိ...သစ္စာရှိတဲ့။
သြော်...သစ္စာရှိတဲ့ သူဆိုခဲ့လည်း
မာယာစက်ကွင်း သက်ဆင်းပျော်ဝင်
ငါ့ဖြစ်အင်က...
မျှော်လင့်ရင်းဝေး လွမ်းခဲ့ရပေါ့။
မျှော်လင့်ရင်းဝေး ဆွေးခဲ့ရပေါ့။
ဆောင်းဦးနွေ- ထုံးဘို