Friday, September 5, 2014

မြန်မာသူလေး သို့......( စိုင်းဟေမာန် )

(မြန်မာသူလေး သို့)

ယဉ်ကျေးမှု့ကို ဗဟိုရ်ပြု
နုးညံသိမ်မွှေ့မူ့တွေ စုနေတဲ့
ပြည်မြန်မာက ညီမငယ်လေး
ရွှေရင်သွေး ရှေ့တုန်းကကွယ်
မြန်မာအဝတ်အစား ယဉ်သလားလို့
ရွှေရင်ဖုံးမြတ်ဆံထုံးရယ်နှင့်
ယဉ်တကိုယ်လုံး အလှတွေဖုံးတော့
ရှု့မဆုံး မြင်ရသူပြုံး စိတ်နှလုံးအေးခဲ့တယ်

ယခုခေတ်မောက် ညီမရှေ့ရောက်တော့
ဘယ်မှာလဲကွယ် မြန်မာအလှ
ယဉ်စစတွေ ညီမငယ်လေး
သေချာတွေးတော ဝတ်စာမှု့ပြင်လော

မလုံအဝတ် ကိုယ်ဝယ်စွပ်တော့
ကျားရှေ့သမင်လဲသလို
ကံဆိုးမှာ စိုးသဗျ
အစာငတ်တဲ့ကျား အစားသန်တယ်
ညီမငယ်တို့ သတိထားကာ
ဝတ် စားဆင်၍ နေထိုင်ပါ

မြန်မာ မျိုးချစ် ရွှေရင်သွေးစစ်မှ
အနေလည်းလှ သေလည်းလှမည်
ညီမငယ်လေး ရွှေရင်သွေး တို့
သိပါစေကြောင်း....
ရင်တွင်းဆန္ဒ ဖေါ်ကာပြသည်


(ရင်တွင်းဖြစ်)စိုင်းဟေမာန်