တောင်းဆု
ရင်လွှာတည့်တည်ကို
နင်လာထည့်သွားတဲ့ ချစ်ဝေဒနာကြောင့်
လှစ်ဟာသွားတဲ့ ရင်တစ်ခုလုံးမှာ
အလွမ်းကုဋေကုဋာနဲ့ကျန်ခဲ့ပြီပေါ့...
မချစ်နိုင်ဘူးဆိုရင်လဲ
ဖြစ်နိုင်သလိုအပြုံးလေးတွေ
နင်မသုံးသင့်ပါဘူး
အခုတော့....
မင်းရဲ့ပဉ္စလက်ပရိရယ်တွေနဲ့
ရင်ဘက်ထဲရှိမျှော်လင့်ချက်တွေကို
ရှင်သန်နိုးထစေပြီးမှ
နင်ပြန်ပြီးအသေသတ်ခဲ့တယ်
ထင်ကျန်စေတဲ့စေတဲ့ ဝေဒနာတွေနဲ့
လှည့်စားခဲ့တဲ့ မာယာတွေကြောင့်
ကလဲ့စားဆိုတဲ့အငြိုးတွေ
ငါမထားပါဘူး
ဒါပေမယ့်...တစ်ခါတလေများမှာ
အမုန်းဆိုတဲ့နတ်ဆိုးကြီးနဲ့
မင်းကိုယ်တိုင်ကြုံခဲ့ရင်
ပြုံးနိုင်ပါစေ.... သဉ္ဇာရယ်
နွေလွင့်ကြယ်{မှော်ဝန်း}
ရင်လွှာတည့်တည်ကို
နင်လာထည့်သွားတဲ့ ချစ်ဝေဒနာကြောင့်
လှစ်ဟာသွားတဲ့ ရင်တစ်ခုလုံးမှာ
အလွမ်းကုဋေကုဋာနဲ့ကျန်ခဲ့ပြီပေါ့...
မချစ်နိုင်ဘူးဆိုရင်လဲ
ဖြစ်နိုင်သလိုအပြုံးလေးတွေ
နင်မသုံးသင့်ပါဘူး
အခုတော့....
မင်းရဲ့ပဉ္စလက်ပရိရယ်တွေနဲ့
ရင်ဘက်ထဲရှိမျှော်လင့်ချက်တွေကို
ရှင်သန်နိုးထစေပြီးမှ
နင်ပြန်ပြီးအသေသတ်ခဲ့တယ်
ထင်ကျန်စေတဲ့စေတဲ့ ဝေဒနာတွေနဲ့
လှည့်စားခဲ့တဲ့ မာယာတွေကြောင့်
ကလဲ့စားဆိုတဲ့အငြိုးတွေ
ငါမထားပါဘူး
ဒါပေမယ့်...တစ်ခါတလေများမှာ
အမုန်းဆိုတဲ့နတ်ဆိုးကြီးနဲ့
မင်းကိုယ်တိုင်ကြုံခဲ့ရင်
ပြုံးနိုင်ပါစေ.... သဉ္ဇာရယ်
နွေလွင့်ကြယ်{မှော်ဝန်း}