Monday, September 15, 2014

မိခင်စိတ်ရှိသူများ... (အရှင်အာလောက-ထုံးဘို)

မိခင်စိတ်ရှိသူများ

ချိုချိုမြမြလှပယဉ်
ပီတိမျက်နှာရှင်
ကမ္ဘာ့ဂန္ထဝင်စံတင်မဆုံး
ပိုင်သူမဲ့အပြုံး
စမ္ပါယ်တစ်ကုံးဆံထုံးမှာ
မွှေးပျံ့ရနံ့ဖြာ
ကျောင်းဝတ်စုံမှာယဉ်ပါလှ
အိုဘယ့်ဆရာမ...
နှလုံးသားကမေတ္တာရှင်
ဂရုဏာလက်နဲ့ပြင် အကြင်နာစေတနာရင်မှာထား
မိခင်စိတ်ရှိသူများ။

(အရှင်အာလောက-ထုံးဘို)

(မှတ်ချက်)ဤကဗျာဖြင့်မိမိ၏
သင်ဆရာဖြစ်သော ထုံးဘိုမြို့အ.မ.က မူလွန်ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုအားကျေးဇူးဆပ်ပါသည်။်