Monday, September 15, 2014

တမ်းတဆဲပါ...? ​ရွှေထ​နောင်းစိုးပိုင်

တမ်းတဆဲပါ...?

ရိုးသားလွန်းတဲ့ရင်​ခုန်​သံ
အဖြူ​ရောင်​ အကြင်​နာ​တွေ
လေ​ပြေ​အေး​လေးလို
နှုညံ့ခဲ့​ပေမယ့်
နေညိုချိန်​မှာ
ဇာတ်​သိမ်းခဲ့ရ​တယ်
အိပ်​တန်းတက်
ငှက်​အ​ဖော်​​တွေရဲ့
တွန်​ကြူးသံကြားမိပြန်​​တော့
အ​ဖော်​ကွဲ​နေတဲ့
ငှက်​တ​ကောင်​လို
ငါ..​ယောင်​ချာချာနဲ့
မိုးလင်းခဲ့ရပြန်​တယ်​.
အနာဂတ်​ ဆိုတဲ့
မနက်​သစ်​မှာ
လမ်းထ​လျှောက်​ဖို့
အ​ဖော်​ရှာမိပြန်​​တော့
တစ်​ချိန်​ကချစ်ခဲ့သူကို
လွမ်းသလိုလို
ဪ...............

ရွှေထ​နောင်းစိုးပိုင်