Thursday, September 11, 2014

တဒါဇင်သို့တမ်းချင်း - မကွေးစိုးလှိုင်

တဒါဇင်သို့တမ်းချင်း

မင်းအားတက်ဖို့ မင်းရင်ဘတ်မှာ
တစ်ဒါဇင် မချိတ်နိုင်ခဲ့

လက်ကျန်ငွေကို ပြန်ပြန်စစ်ရင်
တစ်ဒါဇင်ကိုငါမုန်းတယ်
စတော်ဘယ်ရီ နာနတ်သီး
ဘနားနား မာန်တင်းထားတဲ့
တစ်ဒါဇင်ကိုငါမုန်းတယ်
ခေါက်တွန့်နေတဲ့
ခေါက်တွန့်အိတ်လေးမှာ
နိုင်သလောက်ပဲအသာထည့်
အသေအလဲနဲ့ အလဲလဲအကွဲကွဲ
သန်းခေါင်ယံမှာ အားကုန်သုတ်ရ
နိုင်သလောက်ဂျုတ်တာတောင်
လေးဘက်ထောက်ပြီး ပြန်ခဲ့တယ်...

မကွေးစိုးလှိုင်