Thursday, September 18, 2014

.{အချစ်တစ်ခုစတင်မွေးဖွားခြင်း} ✏ နွေလွင့်ကြယ်'မှော်ဝန်း

.{အချစ်တစ်ခုစတင်မွေးဖွားခြင်း}

သူလေးတန်းကတည်းက
အတူပြေးလှမ်းစနောက်ရင်း
ငါ့ရင်ထဲကိုရောက်လာခဲ့တယ်
မျက်နှာလေးကိုမြင်တိုင်း
ချစ်တာတွေပြောခြင်ပေမယ့်
ကကြမ္မာရဟတ်ကြီးရဲ့
ခြားနားကန့်သက်မူ့တွေကြောင့်
မဖြစ်နိုင်ဘူးလို့ထပ်ထပ်တွေးရင်
ခပ်ဝေးဝေးကပဲ
ငေးမောခွင့်တစ်ခုနဲ့ကျေနပ်ခဲ့သူပါ
အချိန်ကြာကြာမျိုသိပ်ခဲ့ပေမယ့်
တစ်ကြိမ်တစ်ခါမှမမေ့နိုင်သူရင်ထဲမှာ
ယနေ့တိုင်ရှိနေဆဲဖြစ်တဲ့
လွမ်းဝေဒနာအပူမီးတွေကို
သူမသိခဲ့လည်း
ငယ်အခါကသံယောဇဉ်တွေဟာ
ဘယ်အခါမှ မပြောင်းလဲပဲ
မဟောင်းမြဲသစ်လို့
သေသည့်တိုက်ချစ်နေပါ့မယ်...

နွေလွင့်ကြယ်'မှော်ဝန်း