ထိခိုက်သွားတဲ့နှလုံးသားတစ်စုံ
နင့်ရဲ့ထိခိုက်သွားတဲ့
စိတ်နဲ့သိက္ခာအတွက်
ထိုက်တန်တဲ့ဖြေရှင်းချက်
ငါ့ရှာမတွေ့ဘူးဆိုတာ
ဝန်ခံပါရစေ...
မရည်ရွယ်ခဲ့ပါဘူး
မဆင်မခြင်ပြောလိုက်မိတဲ့
စကားတလုံးရဲ့သတ္တိကို
မတွေးလိုက်မိတဲ့ငါ
ကိုယ့်ကိုကိုယ်
ခွင့်လွတ်ဖို့အကြောင်းရှာမတွေ့ဘူး နင့်ကိုအထင်သေးဖို့ဆိုတာ
ငါ့ဆီမှာနေရာမရှိဘူး
ဘယ်တုန်းကမှအထင်မသေးခဲ့သလို
ဘယ်တော့မှလဲ
အထင်သေးမှာမဟုတ်ဘူး
ငါ့ရဲ့ပျော်စေပြက်စေဆိုတဲ့
စကားတစ်လုံးက
လူတယောက်ဘဝမှာ
ဒဏ်ရာတစ်ခုဖြစ်သွားတာကို
ငါမှားသွားတယ်ဆိုတဲ့
စကားတစ်ခွန်းနဲ့
ကုစားလို့မရဘူးဆိုတာ
ငါသိခဲ့ရပါပြီ
ထိခိုက်သွားတဲ့နင့်အတွက်
တောင်းပန်ပါတယ်ဆိုတဲ့
စကားပြောဖို့
မလုံလောက်တဲ့အတွက်
ငါပြောမထွက်ခဲ့ဘူး
တောင်းပန်ပါတယ်ဆိုတဲ့စကားထက်
လေးနက်တဲ့အရာတွေကို
ငါ့ကိုရှာခွင့်ပြုပါ
နင့်ရဲ့ထိခိုက်သွားတဲ့အရာတွေအတွက် မြူတစ်မှုန်စာမျှ
ပြေပျောက်မယ်ဆိုရင်တောင် ငါ့ကိုအသုံးချလိုက်ပါ
ကြည့်မှန်ထဲကသူ့ပုံရိပ်ကို
ထိခိုက်စေတဲ့သူဟာ
သူလည်းပဲနာကြင်ခဲ့ရတာပါပဲ
မောင်သီ(မြိုင်)
အနိတွက်အမှတ်တရ
နင့်ရဲ့ထိခိုက်သွားတဲ့
စိတ်နဲ့သိက္ခာအတွက်
ထိုက်တန်တဲ့ဖြေရှင်းချက်
ငါ့ရှာမတွေ့ဘူးဆိုတာ
ဝန်ခံပါရစေ...
မရည်ရွယ်ခဲ့ပါဘူး
မဆင်မခြင်ပြောလိုက်မိတဲ့
စကားတလုံးရဲ့သတ္တိကို
မတွေးလိုက်မိတဲ့ငါ
ကိုယ့်ကိုကိုယ်
ခွင့်လွတ်ဖို့အကြောင်းရှာမတွေ့ဘူး နင့်ကိုအထင်သေးဖို့ဆိုတာ
ငါ့ဆီမှာနေရာမရှိဘူး
ဘယ်တုန်းကမှအထင်မသေးခဲ့သလို
ဘယ်တော့မှလဲ
အထင်သေးမှာမဟုတ်ဘူး
ငါ့ရဲ့ပျော်စေပြက်စေဆိုတဲ့
စကားတစ်လုံးက
လူတယောက်ဘဝမှာ
ဒဏ်ရာတစ်ခုဖြစ်သွားတာကို
ငါမှားသွားတယ်ဆိုတဲ့
စကားတစ်ခွန်းနဲ့
ကုစားလို့မရဘူးဆိုတာ
ငါသိခဲ့ရပါပြီ
ထိခိုက်သွားတဲ့နင့်အတွက်
တောင်းပန်ပါတယ်ဆိုတဲ့
စကားပြောဖို့
မလုံလောက်တဲ့အတွက်
ငါပြောမထွက်ခဲ့ဘူး
တောင်းပန်ပါတယ်ဆိုတဲ့စကားထက်
လေးနက်တဲ့အရာတွေကို
ငါ့ကိုရှာခွင့်ပြုပါ
နင့်ရဲ့ထိခိုက်သွားတဲ့အရာတွေအတွက် မြူတစ်မှုန်စာမျှ
ပြေပျောက်မယ်ဆိုရင်တောင် ငါ့ကိုအသုံးချလိုက်ပါ
ကြည့်မှန်ထဲကသူ့ပုံရိပ်ကို
ထိခိုက်စေတဲ့သူဟာ
သူလည်းပဲနာကြင်ခဲ့ရတာပါပဲ
မောင်သီ(မြိုင်)
အနိတွက်အမှတ်တရ