အလွမ်း - KO Naw
နာမည်သာလှတာ ခံစားရသူရင်ထဲမှာ
နင့်လို့.......။
ခွဲခွာသွားရတယ်
ပြန်ဆုံကြတော့မယ် ရည်ရွယ်ရာကွဲပြားကြပေမဲ့
ခံစားရတဲ့အလွမ်းချင်းကအတူတူ....။
ကိုယ့်မှာသာအတောင်ပံရှိရင်
ဟိုသီချင်းလေးလို
အတောင်ပံပါရင်မင်းဆီကို ဆိုပြီး ညည်းမိမလားပဲ။
တောင်ပံတဖက်ထဲနဲ့ငှက်ကပျံဖို့ခက်သလိုပဲ
အလွမ်းတဖက်နဲ့ အဆင်ပြေပါ့မလားတွေးပူမိတယ်။
အလွမ်းဆိုတာအတားဆီးမရှိဘူး
ချစ်သူနှစ်ဦးကြား မောင်နှမကြား
မိဘနဲ့သားသမီးကြားမှာ ကြုံနေကြ လောကဓံပဲ။
ဆေးခါးကိုမသောက်ချင်ပဲသောက်ကြသလိုပဲ
အလွမ်းဆိုတာမသောက်ချင်လဲသောက်ကြရတဲ့ ပါရာစီတမော တမျိုးပါ......။
ကိုနော်