Tuesday, September 2, 2014

အဆုံးသတ် - MMO

အဆုံးသတ်

ငါ.... အငွေပျံ ပျောက်ကွယ်လုမတတ်
အင်အားတွေကုန်ခမ်းလို့
အနားသတ်
ဟိုး...တစ်ဖက်ဆီကမပယ်တပယ်
အိမ်မက်အသေတွေကိုမျှော်ကြည့်ရင်
ရင်ဘက်ထည်းက
အဆုံးမရှိနာကျင်ခြင်းတွေကို
ငါခံစားလိုက်ရတယ်
ဒါဟာငါ့အတွက်
အဆုံးသတ်တစ်ခုလား
ရက်စက်လွန်းတယ်
လောကကြီးရယ်
ငါလူတွေထည်းကလူဖြစ်ခဲ့ပေမဲ့
လူတိုင်းပိုင်ဆိုင်နိုင်တဲ့
အခွင့်အရေးကိုတော့
ငါပိုင်ဆိုင်ခွင့်မရခဲ့ပါလား...
လောကကြီးရယ်
ငါ့ရဲ့ရှင်သန်းခြင်းကို
အဆုံးသတ်ပေးပါတော့လားကွာ

MMO