Sunday, September 14, 2014

(နွေသင့်ရွက်) နွေလွင့်ကြယ်'မှော်ဝန်း-ချစ်ဦးသူ T.Z.A.သို့....

(နွေသင့်ရွက်)

ပထမဆုံးချစ်သူရှေ့မှာ
ကျဆုံးခဲ့တဲ့နှလုံးသားကို
ဘယ်လိုအပြုံးများနဲ့
ဟန်ဆောင်ပြီးဖုံးထားရမှာလဲ...
မုန်းသွားပါချစ်သူ
အားတင်းပြီးပြုံးထားဆဲပါ...
မင်းရက်စက်ခဲ့လို့
ပတ်သက်ခွင့်မရပဲရှုံးသွားတဲ့
အစေခံနှလုံးသားမှာ
ပေကျံမဆုံးတဲ့ဒဏ်ရာတွေက
ကန္တာနွေလိုပူလောင်လဲ
ကံကြမ္မာယူဆောင်လာမဲ့မိုးကို
တိုးတိတ်စွာမျှော်လင့်ရင်း
အရိပ်လိုလိုက်နေတဲ့
ဟိုး..အတိတ်ကမင်းအကြည့်တွေကို
ငါ့ဘဝရဲ့နောက်ဆုံးအချိန်ထိ
ယူဆောင်သွားပါရစေ......

နွေလွင့်ကြယ်'မှော်ဝန်း

ချစ်ဦးသူ T.Z.A.သို့....