Thursday, October 9, 2014

အလှပြင်..... ထီးဖြူရှင်

အလှပြင်

စိတ်နေလှက လူ့ဘဝ
အလှခေါ်တယ် မလေးရယ်။
စိတ်နောက်ညစ်တွေ ရှုပ်ယှက်ပွေ
ရုပ်ရေဆိုးတယ် လှဘူးကွယ်။
ပြင်မှာလှသလောက် အတွင်းကောက်
ကြောက်ဖို့ကောင်းတယ် မလေးရယ်။
အတွင်းစိတ်တွေဖြူစင်နေ
ကြက်သရေ ဖြိုးကြွယ်လှပါတယ်။

ထီးဖြူရှင်