ကမ်းတစ်ဖက်စီ...သို့
တကယ်ဆိုတို့ နှစ်ယောက်မဝေးသင့်ဘူး ကြမ္မာဆိုးရဲ့ ရက်စက်တဲ့ရိုက်ချက်က တို့တွဲလက်ကိုဖြုတ်ခဲ့တယ် မဆုံနိုင်ခြင်းရယ်ဘယ်လိုအငြိုးနဲ့ အလွမ်းတွေကိုခေါ်ခဲ့သလဲ ဒေါသတွေနဲ့ရေလှိုင်းလိုအတားအဆီးမဲ့ ဟစ်ပြောချင်တယ် အချစ်ဆိုတာဘယ်လိုအရာတွေနဲ့
ခြယ်မှုန်းထားသလဲ....
ပြန်စပ်လို့မရတဲ့
တို့နှစ်ယောက်ကမ်းတဖက်ဆီ တဖြည်းဖြည်းခွဲခွါခြင်းရေတွေပြည့်လို့ တို့နှစ်ယောက်ရဲ့ကမ်း
ဝေးသတဲ့ ဝေးရပြီ မုန်တိုင်းတွေနဲ့ဆူခက်တွေကို ခွန်အားမဲ့ဘဝအင်အားနဲ့ရင်ဆိုင်ရမယ့်
တစ်ယောက်တည်းအချိန်မှာ ကောင်းကင်က လ တစ်စင်းလို အလင်းတန်းတွေ ထွန်းညှိမယ်လို့ထင်ခဲ့တာ ထာဝရမဟုတ်တဲ့ ဆုံဆည်းမှုရလာဒ်နဲ့ ဒဏ်ရာတစ်ခုသာအဖတ်တင်လို့ နှလုံးသားမှာ ခဏသာမှေးစက် အလွမ်းများပေးခဲ့သူရယ် အမြဲသတိရနေပါ့မယ်
လွမ်းဝေ