'' လူ ''
ဒဏ်ရာတွေ နက်သလောက်
အတ္တတွေ မပျောက်ခဲ့ဘူး
သေရာပါ ဒဏ်ရာလောက်ကို
မာနကြောင့် မငိုဖြစ်ခဲ့ကြပြန်ဘူး
ဘဝတွေက
လက်တွေ့ဆန်သလောက်
တကယ်တမ်းတော့
ကြောက်တတ်ကြပြန်တယ်
ရှေ့ဆက်ဖို့အားမွေးသလိုနဲ့
တကယ်တမ်း
နောက်ပြန်လှည့်နေတတ်ကြတယ်
ဘာမှမတွယ်တာတတ်သလိုနဲ့ပဲ
ဘဝကိုပုံစံချထားတတ်ပြန်တယ်
မာနတွေတထောင်ထောင်နဲ့
ပကာသနတွေကြားလည်း
ပျော်နေတတ်ကြပြန်တယ်
မမြဲပါဘူး မမြဲပါဘူး
ပါးစပ်ကရွတ်လည်း
စိတ်ထဲမှာတော့
တပ်မက်နေမိကြတုန်းပဲ
သေခြင်းအတွက်
ကျောတခင်းစာမပြောနဲ့
ဘောကွင်းတကွင်းစာလောက်တောင်
သန့်ရှင်းစေသောစိတ်
လိုအပ်နေတာဘယ်သူမှ
ဘယ်သူကမှ ဘယ်သူကမှ
မသိကြသေးဘူး
ဒါကိုက လူပါပဲတဲ့လေ
(လူနှင့်လူများစကားပြောခြင်း )
နှင်းဆီဝိုင်
ဒဏ်ရာတွေ နက်သလောက်
အတ္တတွေ မပျောက်ခဲ့ဘူး
သေရာပါ ဒဏ်ရာလောက်ကို
မာနကြောင့် မငိုဖြစ်ခဲ့ကြပြန်ဘူး
ဘဝတွေက
လက်တွေ့ဆန်သလောက်
တကယ်တမ်းတော့
ကြောက်တတ်ကြပြန်တယ်
ရှေ့ဆက်ဖို့အားမွေးသလိုနဲ့
တကယ်တမ်း
နောက်ပြန်လှည့်နေတတ်ကြတယ်
ဘာမှမတွယ်တာတတ်သလိုနဲ့ပဲ
ဘဝကိုပုံစံချထားတတ်ပြန်တယ်
မာနတွေတထောင်ထောင်နဲ့
ပကာသနတွေကြားလည်း
ပျော်နေတတ်ကြပြန်တယ်
မမြဲပါဘူး မမြဲပါဘူး
ပါးစပ်ကရွတ်လည်း
စိတ်ထဲမှာတော့
တပ်မက်နေမိကြတုန်းပဲ
သေခြင်းအတွက်
ကျောတခင်းစာမပြောနဲ့
ဘောကွင်းတကွင်းစာလောက်တောင်
သန့်ရှင်းစေသောစိတ်
လိုအပ်နေတာဘယ်သူမှ
ဘယ်သူကမှ ဘယ်သူကမှ
မသိကြသေးဘူး
ဒါကိုက လူပါပဲတဲ့လေ
(လူနှင့်လူများစကားပြောခြင်း )
နှင်းဆီဝိုင်